Sometimes silence is a really good answer.

နုပျိုကျန်းမာ လိုပါလျှင်

"မိမိ၏ ရှိရင်း စွဲ အသက် ထက် ငယ်ရွယ် ချင်သူများ လက်ထောင်ကြ ပါ" ဟု ဆိုပါက လူတိုင်း လူတိုင်း ပါဝင် ပေမည်။ မွေးနေ့ ရောက်တိုင်း စိုက်နေကျ ဖယောင်းတိုင် အရေ အတွက်ကို လျှော့ချ၍ မရနိုင်ငြားသော် လည်း အမြဲလန်းဆန်း တက်ကြွ နိုင် ရေး၊ နုပျိုလှပနိုင်ရေးအတွက် နည်း လမ်းများ ရှိပေသည်။

သဘာဝ၏ လက်ဆောင် ဘဝနေထိုင်မှုပုံစံ အနည်း ငယ် ပြောင်းလဲလိုက်ရုံဖြင့် ငယ်ရွယ်နုပျို သော အသွင်ကို ဖမ်းဆုပ်ထားနိုင်ပေ မည်။ လတ်ဆတ်သော ဟင်းသီး ဟင်း ရွက်များနှင့် သစ်သီးဝလံများ ပုံမှန် စားသုံးပေးခြင်းသည် သဘာဝမှ ရရှိ နိုင်သောအကျိုးကျေးဇူးများ ဖြစ်သည်။ ၎င်း တို့တွင် Free radicals တို့ ကြောင့် ကလာပ်စည်းများ ပျက်စီး ခြင်းကို ကာကွယ်ပေးနိုင်သော ဓာတ် တိုးဆန့်ကျင် ပစ္စည်း များ ပါဝင်သည့် အတွက် ကျန်းမာလှပရေးကို အလွန် အထောက်အကူ ဖြစ်စေသည်။

နေရောင်ကြောင့် အများဆုံး ဖြစ်ပေါ်တတ်သော တင်းတိပ်၊ မှဲ့ ခြောက်နှင့် အမည်းစက်၊ အရေး အကြောင်းများကို ကာကွယ်ရန်၊ နေ ရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ သွေးလည်ပတ်မှု ကောင်းစေရန်နှင့် အချိုးကျ လှပစေ ရန် ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြု လုပ်ခြင်း စသော နည်းလမ်းကောင်း များကို လက်ကိုင်ထားသင့်ပေသည်။

% လူသားတို့စွမ်းအား

အရေး အကြောင်းများ၊ အမည်း စက်များ၊ အသားလျော့တွဲကျခြင်းများ စသည်တို့သည် မဖြစ်ခင်ကတည်းက ကြိုတင် ကာကွယ် သင့်သော အရာများ ဖြစ်ပေသည်။ ယနေ့ခေတ်တွင် လွန်စွာ ဆန်းပြား တိုးတက် လာသော ပစ္စည်း ကိရိယာများ၊ ထူးချွန်ထက်မြက် သော ပညာရှင်များကြောင့်လည်း ဇရာကို အံတုနိုင်သည့် အခွင့် အလမ်း များ ပေါ်ပေါက် လာပေ သည်။

% အရေးအကြောင်းများအတွက်

မျက်နှာပေါ်မှ ကြွက်သားများ၏ လှုပ်ရှားမှုများဖြစ်သော မျက်ခုံးကျုံ့ ခြင်း၊ ရယ်ခြင်း၊ ပြုံးခြင်း စသည်တို့ကို အလွန်အမင်း ပြုလုပ်ပါက စာရွက်တစ် ရွက် အကြာကြီး ခေါက်ထားပါက ခေါက်ရာထင်လာသကဲ့သို့ အရေး အကြောင်းများ ပေါ်လာခြင်းဖြစ်သည်။ ယနေ့ တိုးတက်လာသော ခေတ်တွင် Botox နှင့် Filler တို့ ထိုးခြင်းဖြင့် နုပျိုလှပစွာ နေနိုင်ပေသည်။ စင်ကာပူ အရေပြား အထူးကုဆရာဝန်ကြီး တစ်ဦးက "Botox ထိုးခြင်းသည် မျက်နှာအပေါ်ယံရှိ အရေးအကြောင်း များကို ပျောက်ကင်းစေရုံမက လက်ဖဝါး နှင့် ချိုင်းကြားတွင် အလွန်အမင်းချွေး ထွက်ခြင်းကိုလည်း ပျောက်ကင်း စေသည်" ဟု ပြောကြားခဲ့သည်။ Filler ထိုးခြင်းမူကား Botox ထိုး၍ မပျောက်သော အရေး အကြောင်းများအတွက် အလွန် အသုံး ဝင်ပေသည်။ ယနေ့ခေတ်စားနေ သော နှာခေါင်းပြင်ခြင်း၊ ပါးရိုးပြင်ခြင်း၊ မေးရိုးပြုပြင်ခြင်း စသည်တို့သည် လည်း Filler ထိုးခြင်းနှင့် ဆက် နွယ်သော လုပ်ဆောင်မှုများ ဖြစ် သည်။

% အရေပြားလျော့တွဲထားသူများအတွက်

မျက်နှာ၊ လည်ပင်းနှင့် ခန္ဓာကိုယ် ရှိ အရေပြားများ လျော့တွဲလာခြင်း သည်လည်း အသက်ရလာခြင်း၏ လက္ခဏာတစ်ခုပင် ဖြစ်သည်။ လွန်ခဲ့ သော နှစ်အနည်းငယ်မှစ၍ ထိုလက္ခ ဏာကို ပပျောက်လို၍ ခွဲစိတ်ကုသခြင်း ခေတ်စားလာခဲ့ပေသည်။ သို့သော် ယနေ့ခေတ်သိပ္ပံပညာထွန်းကားလာ ခြင်း၏ အကျိုးကျေးဇူးကြောင့် မခွဲ မစိတ်ဘဲ ကုသပျောက်ကင်းနိုင်သော Titan ဟု ခေါ်သည့် ကုသနည်း ပေါ် ပေါက်လာပေသည်။ Titan သည် အနီအောက်ရောင်ခြည်ဖြင့် အရေပြား ကို အပူပေးလိုက်ခြင်းဖြင့် Collagen ကလာပ်စည်းများ ကျုံ့ဝင်သွား၍ လျော့တွဲနေသော အရေပြားများကို ပြန်လည်၍ တင်းတင်းရင်းရင်း ဖြစ်စေ သည်။ မခွဲမစိတ်ဘဲ ကုသခြင်းကြောင့် မလိုအပ်သော ဒဏ်ရာများ ခွဲစိတ် ကုသခြင်း၏ ဆိုးကျိုးများ မခံစားရ တော့ပေ။

% ထိပ်ပြောင်ထိပ်ကွက်သူများအတွက်

ထိပ်ပြောင်ခြင်း၊ ထိပ်ကွက်ခြင်း စသော အမွေးအမှင်ဆုံးရှုံးမှုသည် လည်း အသက်အရွယ် အိုမင်းလာခြင်း ၏ ပြယုဒ်များပင် ဖြစ်သည်။ အမျိုး သားများတွင် နားထင်နားတစ်ဝိုက်နှင့် ဦးခေါင်းထိပ်ဘက်တွင် ဆုံးရှုံးမှု ပိုမို များတတ်ပြီး၊ အမျိုးသမီးများတွင် ရှေ့ဘက်၊ ဘေးဘက်တို့တွင် ဆုံးရှုံးမှု များတတ်သည်။ ကုသရန် နည်းလမ်း များမှာ ဆေးသောက်ခြင်း၊ ဆေးလိမ်း ခြင်း စသည်တို့ ရှိပေသည်။ ထိုကုထုံး များသည် ထပ်မံ၍ ဆံပင်များ ဆုံးရှုံး ခြင်း မဖြစ်စေရန် ကာကွယ်ပေးသည့် အပြင် အချို့လူနာများတွင် ဆံပင်များ ပြန် လည်ပေါက်လာကြောင်း တွေ့ရှိရ သည်ဟု သိရပါသည်။

% ကျန်းမာလှပလိုသူများအတွက်

ကျန်းမာရေးပုံမှန် စမ်းသပ်စစ် ဆေးခြင်းသည်လည်း နုပျိုလှပစွာ နေ ထိုင်ရေးအတွက် အလွန်အရေးကြီးပေ သည်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချို၊ သွေးတိုး၊ အသည်း စသည့် ရောဂါတို့သည် ကြိုတင်သိရှိပါက ထိ ရောက်သော ကုထုံးများဖြင့် ပျောက် ကင်းနိုင်သော ရောဂါများဖြစ်သည်။ "ကြိုတင် ကာကွယ်ခြင်းသည် ကုသ ခြင်းထက်ပိုမိုထိရောက်သည်" ဟူသော ဆိုရိုးအတိုင်း ကျန်းမာရေး ပုံမှန် စစ် ဆေးခြင်းဖြင့် ရောဂါအများစုကို ကာ ကွယ်နိုင်ပေသည်။ နုပျိုလှပသောဘဝ များကို ပိုင်ဆိုင်ရန် ကိုယ်စိတ် ကျန်း မာရေးကို အလေးထားသင့်ပေသည်။

ဒေါက်တာသူသူ

From http://www.yoyarlay.com/health/health-news/health-n-beauty/4946-2011-03-31-04-30-55

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!