Sometimes silence is a really good answer.

မလေးရှား အလုပ်အေဂျင်စီအချို့ ကျားတွေကို အကြွေးစနစ်နဲ့ မပို့တော့

မလေးရှား အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအချို့ ၀န်ဆောင်ခပေးချေရာတွင် တစ်ဝက်ပေး တစ်ဝက်ချန် အကြွေးစနစ်ဖြင့် အရစ်ကျပေးချေမှု အား အမျိုးသမီးများအတွက်သာ လက်ခံဆောင်ရွက် ပေးတော့မည် ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ပအလုပ်အကိုင်အတွက် ရှာဖွေရာတွင် ၀န်ဆောင်ခများအား တစ်ဝက်ပေး တစ်ဝက်ချန် ပေးရသည့် အကြွေးစနစ်များ ရှိခြင်း၊ ပညာ အရည်အချင်း၊ အသက်အရွယ် ကန့်သတ်ချက်များ နည်းပါးခြင်းတို့ အပြင် ငွေကြေးသင့်တင့်စွာ ရှိရုံမျှဖြင့် သွားရောက်၍ အလုပ်လုပ်ကိုင်နိုင်ခြင်းကြောင့် အခြေခံလူတန်းစား အများစု မလေးရှားနိုင်ငံသို့ ရွေးချယ်မှုပိုမိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

“အရင်ကတော့ အမျိုးသမီးရော အမျိုးသားပါ မလေးရှားအလုပ် အတွက်ဆိုရင် ကျသင့်တဲ့ဝန်ဆောင်ခ ကို တစ်ဝက်ပေး တစ်ဝက်ချန်စနစ်နဲ့ မလေးရှားနိုင်ငံကို ပို့ပေးပါတယ်။ အရစ်ကျစနစ်ဆိုတာက ၀န်ဆောင်ခ ကျသင့်တဲ့ငွေကို မသွားခင်ကတည်းက ဒီမှာတစ်ခါတည်း အပြီးပေးချေစရာ မလိုဘဲနဲ့ ဟိုရောက်မှအလုပ်လုပ်ပြီး ရတဲ့ လစာငွေထဲကနေ အရစ်ကျလစဉ် ပြန်ဖြတ်တဲ့နည်းနဲ့ ပို့ပေးတာဖြစ်ပါ တယ်။ ဒီစနစ်က အမျိုးသမီးတွေ အတွက်က ပြဿနာမရှိပေမယ့် အမျိုးသားတွေကျတော့ အလုပ်အကြွေး မကျေသေးခင် အလုပ်ကနေ ထွက်ပြေးသွားပြီး အခြားအလုပ် ပြောင်းလုပ်သွားတာတို့တွေ လုပ်ကြတာတွေ ရှိလာတဲ့အတွက် အခုအမျိုးသမီး တွေအတွက်ပဲ ဆောင်ရွက်ပေး ပါတော့တယ်”ဟု အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ဆိုပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=7964:2011-04-07-08-35-28&catid=42:2009-11-10-07-36-59&Itemid=112

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!