Sometimes silence is a really good answer.

တူရကီနိုင်ငံရှိ ရင်ခွဲရုံတစ်ခုတွင် လူသေများ ပြန်လည်အသက်ရှင်လာပါက သိရှိနိုင်ရန် အချက်ပေးစနစ်တစ်ရပ် တပ်ဆင်


တူရကီနိုင်ငံ မာလက်ယာဒေသရှိ ရင်ခွဲရုံတစ်ရုံတွင် လူသေများ ပြန်လည် အသက်ရှင်လာပါက သိရှိနိုင်ရန်အတွက် အချက်ပေးစနစ်တစ်ရပ် တပ်ဆင်လိုက် ကြောင်းသိရသည်။

အဆိုပါဒေသ၌ လူသေများ ထားရှိရာ အအေးခန်းအတွင်း အနည်းငယ်မျှသော လှုပ်ရှားမှုကိုပင် စုံစမ်းထောက်လှမ်းနိုင်သော ကိရိယာ တပ်ဆင်ထားသည် ဟုဆိုသည်။ အအေးခန်း
အတွင်းလှုပ်ရှားမှု အနည်းငယ် ဖြစ်ပေါ်ပါက အချက်ပေးခေါင်းလောင်းများ မြည်လာလိမ့်မည် ဟုဆိုသည်။ ယင်းကဲ့သို့ လှုပ်ရှားမှု ဖြစ်ပေါ်ပါက အအေးခန်းတံခါးသည် လည်း
အလိုအလျောက် ပွင့်လာလိမ့်မည် ဟုဆိုသည်။ ဆရာဝန်များက သတိမေ့မြောနေသော လူနာကို သေဆုံးပြီဟု သတ်မှတ်လိုက်သော်လည်း သူသည် အသက်ရှင်နိုင်ခြေ ရှိသေးသည်ကို
ထည့်သွင်း စဉ်းစားသင့်သည် ဟုဆိုသည်။ ယခုရင်ခွဲရုံကို ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး အလောင်း ၃၆ လောင်း ထားနိုင်ကြောင်း သိရသည်။

http://swesonemedia.org/index.php?id=1509

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!