ခြေလက်လေးဖက်စလုံး မရှိသည့် အမေရိကန်နိုင်ငံသားက ခြေတုလက်တုများကို သုံးစွဲခြင်းမရှိဘဲ ကလီမန်ဂျားရိုးတောင်ကို တက်ရန် လေ့ကျင့်နေ
အမေရိကန်နိုင်ငံသား ကီလီမေနက် (၂၅ နှစ်)
သည် ခြေလက်လေးဖက်စလုံးမရှိသော်လည်း ခြေတုလက်တုများကိုသာမက မည်သည့်ကိရိယာများကိုမှ သုံးစွဲခြင်း မရှိဘဲ ပေပေါင်း ၁၉,၃၄ဝ မြင့်သည့် ကလီမန်ဂျားရိုးတောင်ကို တက်ရန်လေ့ ကျင့်နေကြောင်း သိရသည်။ သူသည် လာမည့်ဇန်နဝါရီလတွင် အာဖရိကတိုက်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ကလီမန်ဂျားရိုးတောင်ကို တက်ရန်လေ့ကျင့်နေခြင်း ဖြစ်သည်။ သူသည် မွေးရာပါ မျိုးဗီဇ ပြဿနာကြောင့် တံတောင်ဆစ်အောက်၌ လက်များပါဝင်ခြင်းမရှိသကဲ့သို့ ဒူးအောက်ပိုင်း၌လည်း ခြေထောက်များ ပါဝင်လာခြင်းမရှိပေ။
0 စာဖတ်သူတို့စကားများ:
Post a Comment