အပိုလုပ်ပေးတာ
သူဋ္ဌေးကြီး သူ့ကုမ္ပဏီရောက်လာပြီး ရုံးခန်းထဲလှမ်းအ၀င် သူ၏အတွင်းရေးမှူးမလေး နှင့် မန်နေဂျာတို့ နမ်းနေသည်ကို အမှတ်မထင် တွေ့လိုက်ရလေသည်။ ခေါင်းနားပန်း ကြီးသွားသလို ဒေါသဇောလဲထသွားလေသည်။ အတွင်းရေးမှူးမလေးကိုမှ အဲလိုလုပ်ရသလား ဆိုသော ခံပြင်းစိတ်များနှင့်အတူ သူ မန်နေဂျာကို ဒေါသစကားလုံးတွေနဲ့ ပစ်ပေါက်ဖို့ ကြိုးစားမိလေတော့သည်။
သူဋ္ဌေး။ ။ “ ဟေ့ကောင် ထွက်သွားစမ်း။ မင်းကို ဒါမျိုးလုပ်ဖို့ လခတွေ ပုံပေးထားတယ် ထင်နေလား”
မန်နေဂျာ။ ။ “ဒီအတွက် ပိုက်ဆံပေးစရာ မလိုပါဘူး သူဋ္ဌေးခင်ဗျာ။ ဒါက ကျွန်တော် အပိုလုပ်ပေးတာပါ”
မှီငြမ်း။ <http://www.hinlayooe.com>
0 စာဖတ်သူတို့စကားများ:
Post a Comment