အရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများကို ဆက်သွယ်ထားသည့် ပင်လယ်ရေအောက်ဖြတ် SEA-ME-WE 3 အင်တာနက်ဆက်ကြောင်းချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခုလ ၁၇ ရက်နေ့ မှ စတင်ကာ ရတနာပုံတယ်လီပို့မှ ၀န် ဆောင်မှုပေးနေသည့် အင်တာနက်လိုင်းများ ဆက်သွယ်မှုပြတ်တောက်ခြင်းနှင့် နှေးကွေးခြင်းများဖြစ်ပေါ်နေသည်။
ထိုကဲ့သို့ ချွတ်ယွင်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများမှ ပြင်ဆင်ပေးလျက်ရှိသည်ဟု ဆိုသည်။
ထိုကဲ့သို့ ပြုပြင်နေစဉ်အတွင်း အင်တာနက်လိုင်းများ ပြတ်တောက်ခြင်း၊ နှေးကွေးခြင်းများဖြစ်ပေါ်နိုင်ကြောင်း အင်တာနက် သုံးစွဲသူများထံ အသိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ အင်တာနက်ဆက်ကြောင်းသို့ ဆက်ကြောင်းတစ်ခုသည် ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့အနီးမှ တစ်ဆင့် ပြည်တွင်းသို့ ချိတ်ဆက်ထားပြီး ယခုချို့ ယွင်းမှုမှာ မည်သည့်နေရာတွင် ဖြစ်ပွားသည်ဆိုသည့် အသေးစိတ်အချက်အချက်များကို မသိရှိရသေးပေ။
၂၀၀၀ ပြည့်နှစ်ကုန်ခန့်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ၎င်းအင်တာနက် ဆက်ကြောင်းတွင် ၂၀၀၅ ခုနှစ်က ပါကစ္စတန်အနီး ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ရာ ပါကစ္စတန်နိုင်ငံမှ အင်တာနက်သုံးစွဲ သူ ၁၀ သန်းခန့် ထိခိုက်မှုရှိခဲ့သည်။
http://www.hinlayooe.com/main/news/
Subscribe to:
Post Comments (Atom)
0 စာဖတ်သူတို့စကားများ:
Post a Comment