Sometimes silence is a really good answer.

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တောင်သူလယ်သမားအသံ ဆွေးနွေးပွဲကျင်းပမည်

မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ အခွင့်အရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ ပါဝင်မည့် တောင်သူလယ်သမားအသံ ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ လယ်ယာမြေနှင့် တောင်သူလယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတွင် သြဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လယ်သမား အထူးပြု အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တောင်သူလယ်သမား သမဂ္ဂများ ပါဝင်မည် ဖြစ်ပြီး လယ်သမားများ မတရား မြေသိမ်းဆည်းခံရမှုများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် လယ်သမားများ၏ အခက်အခဲများ၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်း ဥပဒေများ၊ နိုင်ငံတော် တည်ဆောက်ရေးတွင် တောင်သူလယ်သမားများ အခန်းကဏ္ဍ၊ လယ်ယာမြေ စိုက်ပျိုးရေးနှင့် မိုးလေဝသ ကဏ္ဍများကို ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လယ်ယာမြေ ပြဿနာများကို အဖြေရှာရာတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးခြင်းများသည် ကောင်းမွန်သော အလားအလာများ ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ ပါဝင်ပြီး လွတ်လပ်စွာ ဆွေးနွေးခြင်းဖြင့် လယ်ယာမြေ ဥပဒေများကို အတွင်းကျကျသိကာ မိမိတို့ ရပိုင်ခွင့်များကို သိမြင်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် AFFM မှ စည်းရုံးရေးနှင့် ဖွဲ့စည်းရေး တာဝန်ခံ ဦးယဉ်အေးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်၊ အမျိုးသားလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နှင့် တောင်သူလယ်သမားရေးရာ လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမား သမဂ္ဂများကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လယ်ယာမြေနှင့် တောင်သူလယ်သမားရေးရာ ကော်မတီထံမှ သိရှိရသည်။

(ဟိန်းသွင်ထက်)

ရန်ကုန်၊ သြဂုတ် ၁၅
the voice w 

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!