အသက်မပြည့်သေးသည့် သမီးငယ်ကို ခိုးယူပေါင်းသင်းသည့် အိမ်ထောင်ရှင်
အမျိုးသားတစ်ဦးနှင့် ယင်းအမျိုးသား၏ ဇနီးဖြစ်သူတို့ကို အရေးယူပေးရန်
တိုင်ကြားလာသဖြင့် မှော်ဘီရဲစခန်းက စက်တင်ဘာ ၂၁ ရက်တွင်
အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်
လိုက်သည်။
မှော်ဘီမြို့နယ် ဘွက်ကြီးအုပ်စုတွင် နေထိုင်သည့် ကာယကံရှင် ကလေးငယ်၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထား
သည်။
သူမက တိုင်တန်းထားရာတွင် ၄င်း၏ သမီးငယ်ဖြစ်သူ မ------(၁၅)နှစ်သည် စက်တင်ဘာလ ၁၅ ရက်က မင်္ဂလာဒုံမြို့နယ်ရှိ လက်အိတ်စက်ရုံသို့ အလုပ်သွားပြီး ညအချိန်ထိ အိမ်ပြန်ရောက်မလာသဖြင့် ရှာဖွေခဲ့စဉ် စက်တင်ဘာ ၂၀ ရက် တွင် သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသည်ဟု ဆိုထားသည်။
ထို့နောက် သမီးဖြစ်သူက သူမအလုပ်သွားစဉ် ပုံမှန်ဆိုင်ကယ်ကယ်ရီ လိုက်ပို့ပေးနေသည့် မှော်ဘီမြို့နယ်နေ ကို----က မြို့ရှောင်လမ်းရှိ 'ဆုံဆည်းရာ' တည်းခိုခန်းသို့ သွေးဆောင်ခေါ်သွားခဲ့သည် ပြောခဲ့ကြောင်း ရဲအား ဆက်လက် ထွက်ဆိုထားသည်။
ထို့ပြင် ယင်းတည်းခိုခန်းတွင် ရှိနေစဉ်မှာပင် ၎င်းအမျိုးသား၏ ဇနီးဖြစ်သူ မ---- ရောက်ရှိလာပြီး ညစ်ညမ်းစွာ ဆဲဆိုကာ သမီးဖြစ်သူ၏ ပါးအား လေး၊ ငါးချက်ခန့် ရိုက်ခဲ့သည်ဟု တိုင်ကြားထားသည်ကိုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။
ထို့ကြောင့် သမီးဖြစ်သူအား ကို---- က တောင်ဒဂုံမြို့နယ်ရှိ ၎င်း၏ မိခင်နေအိမ်သို့ ခေါ်သွားကာ ခိုးယူပေါင်းသင်းခဲ့သည်
ဟု ဆို ထားသည်။ ထို့နောက် စက်တင်ဘာ ၂၀ ရက်တွင် ၎င်း၏ဇနီးက သမီးဖြစ်သူအား ပြန်လည်ခေါ်ဆောင်လာခြင်း
ဖြစ်သည်။
ထို့ကြောင့် သမီးဖြစ်သူအား ခိုးယူပေါင်းသင်းသည့် သူအား အရေးယူပေးရန် စွပ်စွဲ တိုင်တန်းလိုက်ခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို မှော်ဘီမြို့နယ် ရဲစခန်းက (ပ)၅၄၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူများကို လိုက်လံရှာဖွေ
လျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃/ ၂၉၄/၃၂၃ တို့ဖြင့် ဖမ်းဆီး တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။
http://www.mizzimaburmese.com/news/2013-08-21-06-42-44/14300-2013-09-23-12-45-47.html

0 စာဖတ်သူတို့စကားများ:
Post a Comment