တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၁၃ အာရှ ယူ-၁၉
အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် သုံးပွဲကစား အပြီး
သုံးပွဲစလုံး ရှုံးနိမ့်ထားခဲ့သည့် အသင်းနှစ်သင်း ဖြစ်ကြသော
မြန်မာအသင်းနှင့် သြစတြေးလျ အသင်းတို့မှာ
အောက်တိုဘာ ၁၈ ရက် (ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၃၀ နာရီတွင် ဆက်လက်ကစားမည် ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် သုံးပွဲကစားပြီးရာတွင် ဂျပန်အသင်းကို ၇-၀ ဂိုး၊ တောင်ကိုရီးယားအသင်းကို ၇-၀ ဂိုးနှင့် မြောက်ကိုရီးယားအသင်းကို ၂-၀ ဂိုးတို့ဖြင့် ရှုံးနိမ့်ထားပြီးထို့အတူ သြစတြေးလျ အသင်းမှာလည်း
မြောက်ကိုရီးယားအသင်းကို ၆-၂ ဂိုး၊ ဂျပန်အသင်းကို ၂-၀ ဂိုး၊ တရုတ်အသင်းကို ၂-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာ ယူ - ၁၉ အသင်းသည် သြစ တြေးလျအသင်းနှင့် ကစားအပြီး အောက်တိုဘာ ၂၀ ရက်တွင် နောက်ဆုံးပွဲစဉ် အဖြစ် တရုတ်အသင်းနှင့် ကစားရမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/sport-new/14999-2013-10-18-03-54-40.html

0 စာဖတ်သူတို့စကားများ:
Post a Comment