Sometimes silence is a really good answer.

မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှု သင်တန်းအတွက် သင်တန်းသား ခေါ်ယူ

“လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်” ၏ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှု သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း HRHD. Orga-nization မှ အမှုဆောင်မန်နေဂျာ မမွန်မွန်မြတ်က မဇ္ဈိမသို့ ပြောဆိုလိုက်သည်။

“လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်” ၏ လှုပ်ရှားမှုဖြစ်သော နောင်နှစ်ကျင်းပမည့် ရုပ်ရှင် ပွဲတော်တွင် မြန်မာနိုင်ငံမှ Film Maker များ ထပ်မံပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပြီး ရန်ကုန်မြို့မှ သင်တန်းသားခြောက်ဦး နှင့် အနယ်နယ်အရပ်ရပ်မှ သင်တန်းသား ခြောက်ဦး စုစုပေါင်း ၁၂ ဦးကို
ခေါ်ယူသင် ကြားပို့ချမည် ဖြစ်သည်။

စိတ်ဝင်စားသူများသည် နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားကာ လျှောက်ထားနိုင်ပြီး ဒီဇင်ဘာလ၂ ရက်မှ စတင်ကာ ငါးလကြာသင်ကြား ပို့ချမည်ဖြစ်သည်။ ယင်းသင်တန်းသို့ နယ်သာလန်နိုင်ငံမှ မှတ်တမ်းရုပ်ရှင်နှင့် ကျွမ်းကျင်သူ
နှစ်ဦးက သင်ကြားပေးမည်ဖြစ်ပြီး တည်းဖြတ်မှုအပိုင်းကို အမေရိကန်နိုင်ငံမှ ဆရာမတစ်ဦးက လာရောက်သင်ကြား
ပေးမည် ဖြစ်သည်။

 http://www.mizzimaburmese.com/news/breaking-newsbrief/15005-2013-10-18-04-30-46.html

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!