Sometimes silence is a really good answer.

အဆိုတော်အစ္စဏီပုဒ်မသုံးခုဖြင့် တရားစွဲတင်ခံရ လာမည့်ရုံးချိန်းတွင် တရားလိုကို စစ်မည်


ရည်းစားဟောင်းအမျိုး သမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်ကာ  နှစ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အဆိုတော်အစ္စဏီကို အဓမ္မပြုကျင့်မှုအပါအဝင်ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခဲ့သည်။ 
အဆိုပါအမှုကို တာမွေမြို့ နယ်တရားရုံးရှိ တွဲဖက်မြို့နယ် တရားသူကြီး (၁)က တာဝန်ယူစစ် ဆေးမည်ဖြစ်ပြီး အဓမ္မပြုကျင့်မှု ပုဒ်မ ၇၃၆၊ ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄၊ သာမန်နာကျင်စေမှုပုဒ်မ ၃၂၃ တို့ဖြင့် မေလ ၁၀ ရက်က တရားစွဲဆိုခဲ့သည်။ 
တာမွေမြို့နယ်တရားရုံး တွင် အသက်(၂၇)နှစ်အရွယ် တရားလို မဇာခြည်ဌေး(ခ)စူးရှ ထက်အပါအဝင် တရားလိုပြ သက်သေ ၁၁ ဦး တင်သွင်းထား ပြီး မေလ ၂၃ ရက် ရုံးချိန်း၌ တရားလိုကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း တရားရုံးတာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
‘‘ဇာခြည်ပြောတာက ပြတ် သွားတဲ့ ရည်စားဟောင်းပေါ့။ အဲဒါက တကယ်တော့ မဟုတ် ဘူး။ လက်ရှိမှာ တွဲနေတာပဲ။ ဒါ ကို စိတ်ဝင်စားနေတဲ့သူတွေအ တွက်ကျတော့ ဒီအဖြစ်အပျက် ပေါ်မှာ အရမ်းဝေဝါးစေတယ်။ သူတို့နှစ်ယောက်က အခုလက်ရှိ တွဲနေတာပါပဲ။ ချစ်သူသက်တမ်း တစ်နှစ်ကျော်ကျော်လောက်ရှိပါ ပြီ။ တွဲနေဆဲပါပဲ။ အဲဒီညက Chatထားတဲ့ဟာတွေ၊ စာတွေတောင် အကောင့်အဟက်ခံရတုန်းက ပါ သွားသေးတယ်။ အဲဒီနေ့ညမဖြစ် ခင်ထိ သူတို့နှစ်ယောက်စကား ပြောနေတာက သက်သေပါပဲ။ အရမ်းလိုအပ်လာလို့သာ ပြောရ တာပါ။ စွပ်စွဲခံရတဲ့သူအပေါ်မှာ ဝေဝေဝါးဝါးထင်မြင်ယူဆချက် တွေ ဖြစ်သွားမှာစိုးလို့ပါ’’ ဟု အဆိုတော်အစ္စဏီ အစ်ကို ကိုကျော်စွာ က ပြောသည်။ 
အစ္စဏီအစ်ကို ကိုကျော်စွာ က ၎င်း၏ညီဖြစ်သူသည်  စွပ်စွဲပြောဆိုသူများပြောနေသကဲ့သို့ ပြုလုပ်မည်မဟုတ်ကြောင်း ပြော ကြားသည်။ 
‘‘သူတို့အရင်ကတည်းက စကားများရန်ဖြစ်တာတော့ရှိ တယ်။ ပြီးသွားရင် ခဏပဲ။ နောက် နေ့ကျရင် သူတို့ဟာ သူတို့ ပြေ လည်သွားကြတာပဲ။ ကျွန်တော် ပြောနိုင်တာတစ်ခုက တကယ့် ဆိုက်ကိုဆန်ဆန်ကြီးပြောနေတာ ပေါ့။ အဲဒီလိုမဟုတ်ဘူးဆိုတာ တော့ ကျွန်တော်ယုံတယ်။ လက် သည်းတွေ လှန်ချိုးတယ်တို့၊ ပုလင်းကွဲနဲ့ ခြေထောက်ကို လုပ်တယ်လို့ဆိုတာ သာမန်လူတွေ မလုပ်နိုင်ဘူး။စိတ္တဇဖြစ်နေတဲ့သူမှ ပဲ လုပ်လိမ့်မယ်။ နှစ်ပေါင်း ၃၀ ကျော်ပေါင်းလာတဲ့အတွက် သူ့ (အစ္စဏီ)အကြောင်း ကျွန်တော် သိတယ်’’ ဟု ကိုကျော်စွာက ဆို သည်။  ပြီးခဲ့သည့် ဧပြီ ၁၁ ရက် ည ၁၁ နာရီက အသက်(၂၇)နှစ်အ ရွယ် မော်ဒယ်စူးရှထက်သည် သူ ငယ်ချင်းများနှင့်အတူ ဆယ်လီ အရက်ဘားသို့ ရောက်နေစဉ် ဧပြီ ၁၂ ရက် နံနက် ၃ နာရီခန့်တွင် ရည်းစားဟောင်း အသက်(၃၂) နှစ်အရွယ် ဟန်ထွန်းဇော်(ခ)အစ္စဏီရောက်ရှိလာကာ ပြဿနာရှာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။ 
အစ္စဏီသည်  ရည်းစား ဟောင်းကို နာကျင်အောင်ပြုလုပ် သည့်အပြင် နှစ်ကြိမ်အဓမ္မပြုကျင့် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။ 
မော်ဒယ်အမျိုးသမီးက အိမ် သာအသုံးပြုမည်ဟု အကြောင်း ပြကာ အိမ်သာတံခါးလော့ချ၍ သူငယ်ချင်းထံ ဖုန်းဆက်အကူအ ညီတောင်းရာမှ လွတ်မြောက်ခဲ့ ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက် တွင် ပါရှိသည်။ 
အစ္စဏီက  ကိုယ်ထိလက်ရောက်ရိုက်နှက်သဖြင့် အမျိုးသမီး၏ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့တွင် နာကျင်ဒဏ်ရာများရရှိသည့်အပြင် နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားတစ်ချောင်းကျွတ် ဒဏ်ရာ၊ ခြေထောက်ပြတ်ရှဒဏ်ရာများရရှိကြောင်း တိုင်ကြားခံထားရသည်ဟု တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

http://www.7daydaily.com/story/126310

ယမန်နေ့ ရုံးထုတ်စဉ် တွေ့ရသော အစ္စဏီ (ဓာတ်ပုံ − ခင်ဆွေသက်)

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!