Sometimes silence is a really good answer.

ကျောင်းထိုင်ကို ဆဲဆိုသည့် သံဃာအား တားဆီးရာမှ သံဃာချင်း သတ်မှုဖြစ်

အရက်သေစာသောက် စားမူးယစ်ပြီး ကျောင်းထိုင်ဆရာ တော်ကို အော်ဟစ်ဆဲဆိုနေသည့် သံဃာတစ်ပါးအား တိုက်အုပ်ဆရာတော်က သွားရောက်တား ဆီးရာမှ စကားများကာ လူသတ် မှုဖြစ်ပွားခဲ့သည်။


အုတ်တွင်းမြို့နယ် ဗောဓိ ကုန်းကျေးရွာရှိ အောင်နန်းတောင် တောရကျောင်းတိုက်တွင် မေလ ၉ ရက်  ည ၁၀ နာရီက ဖြစ်ပွားခဲ့သည်။ အဆိုပါကျောင်းမှ သက် တော်(၄၇)နှစ်၊ ၀ါတော်ခြောက် ၀ါရှိ ဦးသုဇာတသည် အရက်သေ စားသောက်စားမူးယစ်ကာ ကျောင်းထိုင်ဆရာတော်ကို   ဆဲဆိုခဲ့သည်။
 တိုက်အုပ်ဆရာတော်ဖြစ် သည့် သက်တော် (၃၈)နှစ်၊ ၀ါ တော်(၁၈)၀ါရှိ ဦးကုသလကသွား ရောက်တားဆီးသည်ကို အရက်မူးနေသည့် သံဃာက ခွဖြင့်ရိုက်ရန် ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
တိုက်အုပ်ဆရာတော်က တုတ်ဖြင့် ရိုက်နှက်ပြီး ဓားဖြင့်ထိုးသောကြောင့် ဦးခေါင်း၊ မျက်လုံးနှင့် ဒူးတို့တွင် ဒဏ်ရာများရသည့်အပြင် ရင်ဘတ်၌ ဓားဒဏ်ရာနှစ်ချက်ရရှိကာ အခင်းဖြစ်နေရာတွင်ပင် ပျံလွန်သည်။ 
တိုက်အုပ်ဆရာတော်ကို ကျောင်းထိုင်ဆရာတော်က သိက္ခာချ၊ လူဝတ်လဲစေပြီး ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ကာ ဖမ်းဆီးစစ်ဆေးနေသည်။ 

http://www.7daydaily.com/story/126307

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!