Sometimes silence is a really good answer.

မြန်မာ့ကျေးလက်တောရွာများအတွက် ၀မ်းသာစရာ သတင်းတစ်ပုဒ်

တစ်အိမ်သုံးမီးလင်းရေးစနစ် တင်ဒါဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)


ကျေးလက်ဒေသမီးလင်းရေးစီမံကိန်း ကန်ဒေါ်လာသန်း ၆၀ ခန့် အသုံးပြုမည် 

လာမည့် ဘဏ္ဍာ နှစ်တွင် ကျေးလက်မီးလင်းရေး စီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၆၀ ခန့် အသုံးပြုမည်ဟု  ကျေး လက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်ဝင်းက ပြောသည်။ 

မေလ ၈ ရက်တွင် နေပြည် တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနရုံး၌ ကျင်းပသော တစ်အိမ်သုံး မီးလင်းရေးစနစ် တင်ဒါဖွင့်ပွဲ အခမ်းအနားတွင် မီဒီ ယာများ၏မေးမြန်းမှုကို ဖြေကြား ခဲ့သည်။ 
‘‘Mini Grid က Project ၁၀၀ လောက်လုပ်မယ်လို့လည်း မှန်းထားတာပေါ့။ ကျွန်တော်တို့ ကျေး လက်မီးလင်းရေးက လုပ်မယ့် လုပ်ငန်းတွေလည်း ပါတယ်။ နောက် ကမ္ဘာ့ဘဏ်က လုပ်ငန်း တွေလည်း ပါတယ်။ အားလုံးအပါ ကို သန်း ၆၀ လောက် မှန်းပါ တယ်’’ ဟု ဦးမောင်ဝင်းက ပြော သည်။ 
၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ပြုလုပ်သော စီမံကိန်းတွင် ကန် ဒေါ်လာ ၂၇ သန်းခန့် အသုံးပြုခဲ့ပြီး ယခုစီမံကိန်းတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသော မြို့နယ်များ အပါအဝင် ပဲခူး၊ မကွေး၊ ရခိုင်၊ ဧရာဝတီတိုင်းနှင့် ပြည်နယ်ခုနစ်ခု အတွက် တင်ဒါအတွဲငါးခုခွဲ၍ တစ်အိမ်သုံးဆိုလာစနစ် ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးမောင်ဝင်းက ပြောသည်။ 
 ‘‘အခု ဘဏ္ဍာရေးနှစ်မှာ တော့ တစ်အိမ်သုံးဆိုလာမီးလင်း ရေးစနစ်ကို အပိုင်းနှစ်ပိုင်းခွဲပြီး တော့ တင်ဒါခေါ်ယူသွားမှာဖြစ်ပါ တယ်။ ဒီနေ့ကတော့ ICB S&I DRD-1 ကို တင်ဒါခေါ်ယူတာဖြစ် ပါတယ်’’ ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က ဆိုသည်။ 
လာမည့်ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု ၆၇,၃၅၇ သို့တစ်အိမ်သုံး ဆိုလာစနစ်ပေးပြီး အများပြည်သူ နှင့်သက်ဆိုင်သော ဆိုလာစနစ်၄၇၄ စုံနှင့်လမ်းမီးတိုင် ၁,၅၈၇ တိုင် ဆောင်ရွက်ရန် ရေးဆွဲထား ကြောင်း ဒေါက်တာခင်ဇော်က ပြောသည်။ 
‘‘ရွာတစ်ရွာမှာ ၅၀ ရာခိုင် နှုန်းလောက် မီးယူတယ်ဆိုရင် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းနဲ့ လမ်းမီးများကို အခမဲ့ဆောင် ရွက်ပေးသွားမည့် အစီအစဉ်များ ကို ထည့်သွင်းရေးဆွဲထားပါ တယ်’’ ဟု ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောသည်။ 
ကျေးရွာများ မီးလင်းရေးစီမံ  ချက်အတွက် အိမ်ခြေခြောက် သောင်းကျော် လျှပ်စစ်မီးရရေး ငါးနှစ်စီမံကိန်းတွင် ကုန်ကျငွေ ၁၀ ရာခိုင်နှုန်းခန့်ကို ပြည်သူများ က ထည့်ဝင်ပြီး အစိုးရနှင့်  ကမ္ဘာ့ ဘဏ်က ကျန်ကုန်ကျငွေကို  ဖြည့် စွက် ဆောင်ရွက်နေကြောင်း ဦး ခန့်ဇော်က ပြောသည်။ 
တင်ဒါဝင်ရောက်ယှဉ်ပြိုင် သည့် ကုမ္ပဏီ ၁၀ ခုပါဝင်ပြီး ကမ္ဘာ့ဘဏ်က ချမှတ်ထားသော တင်ဒါ စည်းကမ်းများနှင့်အညီ ရွေးချယ် မည်ဖြစ်ကြောင်း အမြဲတမ်းအ တွင်းဝန်ဒေါက်တာခင်ဇော်က ဆို သည်။ 
ကမ္ဘာ့ဘဏ်က သတ်မှတ် ထားသော သတ်မှတ်ချက်များ အရ နိုင်ငံနှင့် ကုန်ပစ္စည်းတံဆိပ် ကို ကန့်သတ်ထားခြင်းမရှိသော် လည်း သတ်မှတ်စည်းကမ်းချက်  များနှင့်အညီ အာမခံချက်ပေးနိုင် သော ဈေးအနည်းဆုံးပေးမည့် ကုမ္ပဏီကို စိစစ်ရွေးချယ်မည်ဖြစ် ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောသည်။ 
‘‘ကျွန်တော်တို့က ဘက်ထရီ ကို အနည်းဆုံး သုံးနှစ်အာမခံ တောင်းတယ်။ ဆိုလာက  ၁၀ နှစ်အာမခံတောင်းတယ်။ အဓိကကျ တာ ဘက်ထရီပဲ’’ ဟု ဦးခန့်ဇော်  က ပြောသည်။ 
ထို့အပြင် အမြဲတမ်းအတွင်း ဝန် ဒေါက်တာခင်ဇော်က ပြောရာတွင် တင်ဒါအောင်မြင်သော ကုမ္ပ ဏီသည် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ခရိုင်၊ ရုံးချုပ်နှင့် ညွှန်ချုပ်၊ အတွင်းဝန်၊ ဝန်ကြီးကိုယ်တိုင် တာဝန်ခံ ရ၍ အချိန်မီဆောင်ရွက်ဖို့ လိုအပ် ကြောင်း ၎င်းက ပြောသည်။ 
‘‘ဘာကြောင့်လဲဆိုတော့ လွှတ်တော်မှာလည်း မေးခွန်းတွေ အမြောက်အမြား ဖြေရှင်းဆောင် ရွက်နေရတာရှိတဲ့အတွက် သတ် မှတ်တဲ့ပစ္စည်း၊ အရည်သွေးကို သတ်မှတ်ချက်နဲ့အညီ ဆောင် ရွက်ဖို့လိုမှာဖြစ်ကြောင်း ပြော ကြားလိုပါတယ်’’ဟု အမြဲတွင်း အတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 
မြန်မာနိုင်ငံတွင် လျှပ်စစ်မီး မရသေးသည့် အိမ်ထောင်စု ၇ဒသမ ၂ သန်းကျော်ရှိပြီး ၎င်းတို့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အနည်းဆုံး ကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကတွက်ချက် ထားသည်။ 


http://www.7daydaily.com/story/126091

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!