Sometimes silence is a really good answer.

စက်သုံးဆီဈေးကျအောင် လုပ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးပြော

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်း ရေး တိုင်းအစိုးရ၏ အစီအမံဖြင့်  ချမှတ်ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
Image may contain: stadium and outdoor


‘‘အားလုံးညှိနှိုင်းထားတဲ့ ဈေးနှုန်းများမဟုတ်ဘဲနဲ့ ကမ္ဘာ့ပေါက် ဈေးနှုန်းနဲ့ ဖြစ်ပေါ်စေသော ဈေး နှုန်းများရလာအောင် ရန်ကုန်တိုင်းအစိုးရအနေနဲ့ အစီအမံများ ချမှတ်ဆောင်ရွက်ပေးဖို့ အစီအ စဉ်ရှိပါတယ်’’ဟု ၀န်ကြီးကပြော သည်။

 မေလ ၈ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ရန်ကုန်တိုင်းအတွင်း စီးပွားရေးပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းစေရေးတို့အတွက် တိုင်း ဒေသကြီးနှင့် ဆိုင်သောစီမံချက်များ၊ စီမံကိန်းများ ချမှတ်ဆောင် ရွက်ရန် ရှိ၊ မရှိနှင့် စက်သုံးဆီဈေး နှုန်းကြီးမြင့်နေခြင်းကို ဆောင်ရွက် ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ၀န်
ကြီးကဖြေကြားခြင်း ဖြစ်သည်။
  
သို့သော် ၎င်းစီမံချက်များကို မည်သည့်ကာလမှစ၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးမည် ဆိုသည်ကို ၀န်ကြီးက ထည့်သွင်း ပြောကြားခြင်း မရှိပေ။

ပုဂ္ဂလိက စက်သုံးဆီဆိုင် များ ဈေးနှုန်းများတူညီစွာ သတ်မှတ်ရောင်းချနေခြင်းက လက်ဝါးကြီးအုပ် စနစ်တစ်ခုဖြစ်နေ ကြောင်းနှင့် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်နေကြောင်း ဦးလှဌေးက မေးခွန်းထုတ်မေးမြန်း ခဲ့သည်။
‘‘စက်သုံးဆီဈေးနှုန်း လက်ဝါးကြီးအုပ်ထားခြင်းက ကုန်ဈေး နှုန်းကြီးမြင့်မှုကို အဓိကတွန်းပို့ ပေးနေခြင်းလည်း ဖြစ်ပါတယ်။ စက်သုံးဆီကို လွတ်လပ်စွာတင် သွင်းခွင့်၊ အပြိုင်အဆိုင် ရောင်းချ ခွင့် ပြုသင့်ပါတယ်။ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအထိ လုပ်ကိုင်ဆောင် ရွက်ခွင့်ကိုလည်း ဖွင့်ပေးသင့်ပါ တယ်’’ ဟု ၎င်းကဆိုသည်။

 ပြီးခဲ့သည့် မေလ ၂ ရက်အ ထိ ပုဂ္ဂလိကစက်သုံးဆီဈေးနှုန်း  ဓာတ်ဆီတစ်လီတာ ၈၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၈၂၅ ကျပ်၊ Octane (92) တစ်လီတာ ၇၉၅ ကျပ်နှင့် Premier တစ်လီ တာ ၈၄၀ ကျပ်ရှိသည်။
  
ဆက်လက်၍ ဦးလှဌေးက ကုန်ဈေးနှုန်းကျဆင်းရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ယခုထက်ပိုမိုအားစိုက်ကာ စီမံချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလို ကြောင်း ပြောသည်။
  
‘‘ကုန်ဈေးနှုန်းကျဆင်းရေး အတွက် သီးခြားစီမံချက်တို့ဘာ တို့ကတော့ စီမံချက်အဖွဲ့အစည်း လုပ်ပြီး ချမှတ်တာမျိုးတော့ မရှိ ပါဘူး။ စီးပွားရေးပိုမိုတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် လာခြင်းနဲ့ အလုပ်အကိုင် အခွင့်အ လမ်းတွေ တိုးတက်လာရင် တစ် ဆက်တည်း ကုန်ဈေးနှုန်းတွေလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်’’ဟု ၀န်ကြီးက ပြောကြားသည်။
  
ထို့အပြင် စီးပွားရေးဖွံ့ဖြိုး မှု ဖြစ်ပေါ်စေရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်ရန် လိုအပ်သည့်လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးရရှိနိုင်ရေး ဆောင်ရွက်ပေး မည်ဟု ဦးမြင့်သောင်းက ဆို သည်။
  
SME များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းတွင် SME အရေအ တွက် စာရင်းကောက်ယူထားပြီး ယင်းစာရင်းများအနက် တိုင်းအစိုး ရအဖွဲ့၏အစီအစဉ်ဖြင့် လုပ်ငန်း၁၀၀ ခန့်ကို ရွေးချယ်ပြီး ချေးငွေရ ရှိအောင် စီစဉ်ပေးနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
  
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ် ငန်း ၁၄၃ ခု၊ ရင်းနှီး မြှုပ်နှံမှု ပမာဏကဒေါ်လာသန်း ၃,၂၂၁ သန်း၊မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်း ၄၅ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏက ကျပ် ဘီလီယံပေါင်း ၈၅၁ ဘီလီယံလုပ် ကိုင်ခွင့်ပြုထားသည်။
http://www.7daydaily.com/story/126116

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!