နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် မေလ ၁၁ ရက် ညပိုင်း၌
နေပြည်တော်ရဲတပ်ဖွဲ့များက ပြည့်တန်ဆာလုပ်ကိုင်သူများကို လိုက်လံဖမ်းဆီးရာ
တစ်ညတည်းမှာပင် ပြည့်တန်ဆာခေါင်းငါးဦးနှင့် ပြည့်တန်ဆာရှစ်ဦးတို့ကို
ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သတင်းရရှိသည်။
ယခုလ ၁၁ ရက် ည ၉ နာရီခန့်က နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အသိသက်သေများသည် သတင်းအရ နေပြည်တော်၊ ဘောဂ၀တီရပ် ၁၅ လမ်းသို့ ၀င်ရောက်ရှာဖွေရာ ပြည့်တန်ဆာခေါင်း ဒေါ်ခင်ဌေးဝင်းနှင့် ပြည့်တန်ဆာအမျိုးသမီးငယ်သုံးဦးတို့ကို ဖမ်းဆီးအရေးယူခဲ့သည်။
တစ်ချိန်တည်းမှာပင် နေပြည်တော်ရဲတပ်ဖွဲ့မှ အခြားအရာရှိငယ် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပျဉ်းမနား၊ ပေါင်းလောင်း ၂ ရပ်ကွက်၊ ၁၂ လမ်းရှိ အလတ်ကောင်၏နေအိမ်အား သတင်းအရ ၀င်ရောက်ဖမ်းဆီးရာ ပြည့်တန်ဆာခေါင်း အလတ်ကောင်နှင့် ပြည့်တန်ဆာများ ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် နာရီဝက်သာခြားပြီး ည ၉ နာရီခွဲ အချိန်ခန့်မှာပင် အခြားသော နေပြည်တော်ရဲတပ်ဖွဲ့ဝင်တို့က အသိသက်သေများနှင့်အတူ သတင်းရရှိထားသော ပျဉ်းမနားဦးကျေးရပ်ကွက် လမ်းဆုံသို့ သွားရောက်ဖမ်းဆီးရာ ပြည့်တန်ဆာခေါင်း ကတုံး(ခ)စိုင်းကိုကို(ကယ်ရီသမား)၊ ရဲထိုက်နှင့် ပြည့်တန်ဆာ အမျိုးသမီးငယ်သုံးဦးတို့ကို ထပ်မံဖမ်းဆီးခဲ့သည်။
သို့ဖြစ်၍ ယင်းတို့အား နေပြည်တော် ပျဉ်းမနားရဲစခန်းတွင် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၅(၁)/၇(၁)(က)အရ အသီးသီး အမှုဖွင့်ထားသည်။
newszone

0 စာဖတ်သူတို့စကားများ:
Post a Comment